Advanced Search

0 Lakh to 60,000 Lakh

We found 0 results. View results
Advanced Search

0 Lakh to 60,000 Lakh

we found 0 results
Your search results

“မိဘက သားသမီးအား အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာတွင်ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးသလော”

Posted by admin on March 19, 2020
| 0

“မိဘက သားသမီးအား အမွေပြတ်စွန့်လွှတ်ကြောင်း
သတင်းစာတွင်ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးသလော”
>>>>>>>>>>>>>>>>>>>>>>>>>
ဖခင်ဖြစ်သူက သားအား သွာနုတ္တသားအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာမှာ ကြေညာခဲ့သည်။ ယင်းကြေညာချက်နှင့် စပ်လျဉ်း၍ သားဖြစ်သူကလည်း ဖြေရှင်းချက်ကို မြန်မာ့အလင်းသတင်းစာတွင် ပြန်ထည့်သွင်းကြေညာခဲ့သည်။ အဆိုပါ ဖြေရှင်းကြေညာချက်တွင် ဖခင်က မည်သည့်အကြောင်းကြောင့် မိမိအား သွာနုတ္တသားအဖြစ် ကြေညာရသည့်အကြောင်းရင်းမှန်ကို ထည့်သွင်းဖော်ပြခဲ့သည်။
သတင်းစာတွင် မိဘဖြစ်သူက သွာနုတ္တသားဖြစ်ကြောင်း ကြေညာရုံမျှဖြင့် သားသမီးသည် အမွေဆက်ခံခွင့် မဆုံးရှုံးနိုင်ပေ။ မိဘအမွေ မဆက်ခံနိုင်သည့် သားသမီးများ မြန်မာဓလေ့ထုံးတမ်းဥပဒေ၌ မိဘသည် သားသမီးအား အမွေမှ မပယ်ထုတ်နိုင်ပေ။ “မောင်ဘသွင်နှင့် မောင်ဖိုးထီ (၆ ရန်ကုန် ၅၁၀)”။ သို့ရာတွင် အောက်ပါအကြောင်းသုံးရပ်ကြောင့် သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့် ဆုံးရှုံးခြင်းခံရပေသည်။
၁။ သူတစ်ပါးအား မွေးစားရန် ပေးအပ်ခံရခြင်း။
၂။ မိဘများ ကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ်သူသည် မိဘတစ်ဦးနှင့် အတူနေထိုင်ပြီး ကျန်တစ်ဦးအား သားသမီးတို့၏ ပြုရာသော ဝတ်ကြီးဝတ်ငယ်များကို ဆက်လက်မပြုစုခြင်း။
၃။ သားသမီးတို့၏ ကျင့်ဝတ်ပျက်ပြားခြင်း။

ဒေါ်စိုးစိုးသက် LL.B
(တရားလွှတ်တော်ရှေ့နေ)
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း

Leave a Reply

Your email address will not be published.

Compare Listings