မြေငှားဂရန်အမည်ပြောင်းခြင်းကိုရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင်လျှောက်ထားရယူနိုင်ပါသည်။
ဂရန်မြေနှင့်မြေပိုင်မြေကိုမှတ်ပုံတင်စာချုပ်ဖြင့်လွှဲပြောင်းရယူပီးလျှင်မြေကွက်အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။
မြေငှားဂရန် ( ပျောက်ဆုံး / ပျက်စီး ) ၍မြေငှားဂရန်စာချုပ်မိတ္တူလျှောက်ထားခြင်း။
ဌာနမှထုတ်ပေးသည့်သတ်မှတ်ပုံစံနှင့်အတူလျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်၊မြေငှားဂရန်ပျောက်ဆုံး / ပျက်စီးကြောင်းတရားရုံးကျမ်းကျိန်လွှာ၊သက်ဆိုင်ရာမြို့နယ်ရဲစခန်းထောက်ခံချက်၊မြေနှင့်ပတ်သက်သည့်အထောက်အထားများ၊မှတ်ပုံတင်ထားသည့်စာချုပ်စာတမ်းများ၊ပိုင်ဆိုင်ကြောင်းတရားရုံးအမိန့် / ဒီကရီနောက်ဆုံးထမ်းဆောင်ထားသည့်မြေခွန်ပြေစာ (သို့မဟုတ်) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး၏ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာတို့တင်ပြရပါမည်။
ဌာနမှစိစစ်၍ကန့်သတ်ချက်မရှိကသတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီးမြေငှားဂရန်စာချုပ်မိတ္တူတွင်တံဆိပ်ခေါင်းကပ်၍
မူလအမည်ပေါက်အမည်ဖြင့်မြေငှားဂရန်စာချုပ်မိတ္တူမှန်ထုတ်ပေးပါသည်။
( ဆက်လက်ဖော်ပြပါမည်။ )
ဒေါ်စိုးစိုးသက် LL.B
တရားလွှတ်တော်ရှေ့နေ
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း