Advanced Search

0 Lakh to 60,000 Lakh

We found 0 results. View results
Advanced Search

0 Lakh to 60,000 Lakh

we found 0 results
Your search results

အပျောက်တိုက်ခန်းနှင့်ပတ်သက်၍သိထားသင့်သည့်အချက်များ

Posted by admin on January 10, 2020
| 0

(၁) အပျောက်တိုက်ခန်း
အပျောက်တိုက်ခန်းဆိုသည်မှာယင်းတိုက်ခန်းအားတန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍နေထိုင်ခွင့်နှင့်ထပ်ဆင့်လွှဲပြောင်း၊ငှားရမ်းပိုင်ခွင့်ရှိသောအိမ်ငှား (TANANT) တစ်ဦးဖြစ်ပါသည်။၁၉၆၀ပြည့်နှစ်၊မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့်အကျုံးဝင်သဖြင့်ဝယ်ယူသူသည်မြေရှင်အားအိမ်လခပေးရန်နှင့်ယင်းဥပဒေကိုလိုက်နာရပါမည်။

(၂) အပျောက်တိုက်ခန်းအမျိုးအစားများ
(က) ပုဂ္ဂလိကတိုက်ခန်း
ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင်ပုဂ္ဂလိကပိုင်ငွေဖြင့်ဖြစ်စေ၊ကန်ထရိုက်တာနှင့်အခန်းပေးအခန်းယူဆောက်လုပ်သည့်တိုက်ခန်းများဖြစ်ပြီးမြေရှင်အားအိမ်လခပေးနေရသောအခန်းများဖြစ်ပါသည်။အိုးအိမ်မှပုဂ္ဂလိကသို့အပြီးအပြတ်ရောင်းချသောအခန်းများလည်းပါဝင်ပါသည်။ယင်းတိုက်ခန်းများကိုမူအိမ်လခတောင်းခံခြင်းမပြုပါ။
(ခ) ပြည်သူပိုင်မှပြန်ပေးသောတိုက်ခန်း
ပြည်သူပိုင်သိမ်းယူသောတိုက်ခန်းများအနက်နိုင်ငံတော်မှအသုံးပြုရန်မလိုအပ်သည့်အခန်းများအားပြန်လည်စိစစ်၍မူလပိုင်ရှင်များအားပြန်လည်လွှဲပြောင်းပေးအပ်လိုက်သည့်အခန်းအမျိုးအစားဖြစ်ပါသည်။
(ဂ) စည်ပင်မှယာယီထိန်းသိမ်းထားသည့်တိုက်ခန်း
တိုက်ခန်းနေထိုင်သူမှကြွေးမဆပ်နိုင်သဖြင့်စည်ပင်ကယာယီထိန်းသိမ်းထားသည့်အခန်းဖြစ်ပြီး၊စည်ပင်ကြွေးကိုအိမ်ငှား (တိုက်ခန်းအပျောက်ဝယ်သူ)မှပေးဆပ်ရပြီးတိုက်ပိုင်ရှင်သို့အိမ်လခပေးရန်မလိုဘဲစည်ပင်ခွန်များကိုသာပေးဆောင်နေရသည့်အခန်းအမျိုးအစားဖြစ်ပါသည်။
(ဃ) ဘာသာရေးပိုင်အခန်းများ
ဗလီဝကပ်အခန်းများ၊ဟိန္ဒူဘုရားကျောင်းပိုင်အခန်းများ၊တရုတ်ဘုံကျောင်းပိုင်အခန်းများအားအပျောက်စနစ်ဖြင့်ရောင်းချပြီး၊ရရှိသည့်ငွေများ၊အိမ်လခများကိုဘာသာရေးရန်ပုံငွေအဖြစ်အသုံးပြုသည့်အခန်းများဖြစ်ပါသည်။အဆိုပါအခန်းများရောင်းချခြင်း၊ဝယ်ယူခြင်း၊ပိုင်ဆိုင်မှုအမည်ပြောင်းခြင်းများကိုသက်ဆိုင်ရာဂေါပကအဖွဲ့လူကြီးများကစီမံခန့်ခွဲကြပါသည်။
(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ
၁- အိုးအိမ်ခန်း
နိုင်ငံတော်ပိုင်မြေပေါ်တွင်နိုင်ငံတော်ပိုင်ငွေဖြင့်ဆောက်လုပ်ပြီးဝန်ထမ်းများအားနေထိုင်ခွင့်အငှားချထားသောအခန်းမျိုးဖြစ်သည်။ (ဥပမာ- ဦးဝိစာရအိမ်ရာ၊ရန်ကင်းအိမ်ရာ၊ဖဆပလအိမ်ရာ) ၎င်းအပြင်ယခင်တိုင်းပြည်သူ့ကောင်စီမှထိန်းသိမ်းထားသောပြည်သူပိုင်အခန်းများအားအိုးအိမ်သို့လွှဲအပ်ပေးလိုက်သောအခန်းများပါဝင်ပါသည်။

၂- ဌာနဆိုင်ရာအခန်းများ
အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့မှမိမိတို့ဝန်ထမ်းများနေထိုင်ရေးအဆင်ပြေစေရန်အတွက်နိုင်ငံတော်မှစီစဉ်ဆောက်လုပ်ပေးသောအဆောက်အဦတိုက်ခန်းများဖြစ်ပါသည်။ပြည်သူပိုင်အဖြစ်ပြုလုပ်ထားသောအခန်းများပါဝင်ပါသည်။

၃- တိုင်းချခန်း
ယခင်တိုင်းလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ၊တစ်ဖန်တိုင်းပြည်သူ့ကောင်စီသည်တိုင်းအဆင့်စီမံခန့်ခွဲမှု၊အုပ်ချုပ်မှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များအားချပေးသောအခန်းဖြစ်ပါသည်။

၄-နိုင်ငံခြားပြန်အခန်း
နိုင်ငံခြားသားပိုင်အခန်းဖြစ်ပြီးမိမိတို့၏နိုင်ငံသို့အပြီးအပိုင်ပြန်ကြရာတွင်ယင်းအခန်းများကိုနိုင်ငံတော်သို့အပ်နှံခြင်း (သို့) နိုင်ငံတော်မှသိမ်းယူထားသောအခန်းဖြစ်သည်။

၅- စည်ပင်ယာယီထိန်းအခန်း
စည်ပင်သာယာရေးကော်မတီ၏စည်းကမ်းချက်များ၊ဥပဒေပြဋ္ဌာန်းချက်များနှင့်မကိုက်ညီခြင်း၊ညွှန်ကြားချက်များအားမလိုက်နာခြင်းတို့ကြောင့်စည်ပင်သာယာရေးကော်မတီမှယာယီထိန်းသိမ်းထားသောအခန်းဖြစ်ပါသည်။

ဒေါ်ကြည်ပြာစမ်း (တရားလွှတ်တော်ရှေ့နေ)
LL.B, D.L(101) WIPO Switzerland
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း

Leave a Reply

Your email address will not be published.

Compare Listings