(၁) အမွေဆက်ခံမည့်ကာယကံရှင်များမှပြည့်စုံစွာရေးသားထားပြီးလက်မှတ်များပြည့်စုံပြီး၊တံဆိပ်ခေါင်းခွန်ဥပဒေအရတံဆိပ်ခေါင်းခွန်တန်ဖိုးအားပြည့်စုံစွာထမ်းဆောင်ပြီးသောမှတ်ပုံတင်တင်သွင်းမည့်ကိုယ်စားလှယ်လွှဲစာနှင့်အတူစာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးထံသို့သတ်မှတ်ထားသည့်လျှောက်လွှာပုံစံတွင်ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန်ကပ်နှိပ်၍ကိုယ်တိုင်လက်မှတ်ရေးထိုးလျှောက်ထားရမည်။
(၂) အမွေဆက်ခံမည့်သူများနှင့်သက်သေတို့၏နိုင်ငံသားစိစစ်ရေးကတ်၊နိုင်ငံသားစိစစ်ရေးကတ်ပျောက်ဆုံးပါကလဝကထောက်ခံချက်မူရင်းနှင့်မိတ္တူပူးတွဲတင်ပြ၍လူကိုယ်တိုင်လာရောက်သက်သေခံရမည်။
(၃) အမွေဆက်ခံသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ဆက်စပ်သောအထောက်အထားဖြစ်သည့်ဂရန်သို့မဟုတ်စာချုပ်စာတမ်းမူရင်းနှင့်မိတ္တူယူဆောင်တင်ပြရမည်။
(၄) မှတ်ပုံတင်သွင်းသောအမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊အမွေဆက်ခံမည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရှိရာမြေကိုဖော်ပြသည့်မြေပုံ၊မြေရာဇဝင်၊
(၅)အမွေဆက်ခံကြေညာသူမှတပါးအခြားအမွေဆက်ခံပိုင်ဆိုင်ရမည့်သူမရှိကြောင်းပေါ်လွင်စေသည့်တရားရုံးကျမ်းကျိန်လွှာ။
(၆) မှတ်ပုံတင်သွင်းသည့်စာချုပ်တွင်ဖော်ပြထားသောမြေတည်ရှိရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏အရှုပ်အရှင်းကင်းရှင်းကြောင်းနှင့်အမွေဆက်ခံကြေညာသူများမှတပါးအခြားအမွေဆက်ခံပိုင်ဆိုင်ရမည့်သူမရှိကြောင်းပေါ်လွင်စေသည့်အကြောင်းအရာဖော်ပြပါရှိသောထောက်ခံစာ
(၇) အမွေဆက်ခံသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုပိုင်ဆိုင်သူတို့ကွယ်လွန်ခဲ့ပြီးဖြစ်ပါကကွယ်လွန်ပြီးဖြစ်ကြောင်းသက်ဆိုင်ရာကထုတ်ပေးသည့်သေစာရင်း၊
(၈) အမွေဆက်ခံသူတို့နှင့်ပတ်သက်သောလဝကမှထုတ်ပေးထားသည့်အိမ်ထောင်စုစာရင်း
ဒေါ်စိုးစိုးသက်LL.B
တရားလွှတ်တော်ရှေ့နေ
စိုင်းခွန်နောင်ကုမ္ပဏီ