Advanced Search

0 Lakh to 60,000 Lakh

We found 0 results. View results
Advanced Search

0 Lakh to 60,000 Lakh

we found 0 results
Your search results

ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ

Posted by admin on March 11, 2020
| 0

၁။ အခွင့်အမိန့်ဟူသည် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်းမပြုဘဲ အလိုတူသော ပြုလုပ်မှုတစ်ခုကို မတရားမဖြစ်စေရန် တားဆီးရုံသာတားဆီးသော သဘောတူညီမှုဖြစ်သည်။
၂။ အချို့သူများသည် မိမိတို့၏ ဆွေမျိုးမိတ်ဆွေများအား မိမိတို့ပိုင် (သို့မဟုတ်) မိမိလက်ရှိဖြစ်သည့် အဆောက်အအုံ(သို့မဟုတ်) မြေတွင် အဆောက်အအုံဆောက်လုပ်စေ၍ မေတ္တာဖြင့် နေခွင့်ပြုတတ်ကြသည်။ ပိုင်ရှင်၏ ခွင့်ပြုချက်အရ နေထိုင်သူများမှာ ပိုင်ဆိုင်ခွင့် လုံးဝရှိသူမဟုတ်၍ ပိုင်ရှင်ခွင့်ပြုသည့်ကာလသာ နေခွင့်ရရှိပါသည်။ ပိုင်ရှင်အနေနှင့် ၎င်း၏ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်သည်။ ယင်းသို့ရပ်စဲလျှင် ခွင့်ပြုချက်အရ နေထိုင်သူသည် ပစ္စည်းပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်ပေ။
၃။ ခင်ပွန်းနှင့်အတူနေသူ ဇနီးသည်၊ ခင်ပွန်းသည်၏ ဥပစာတွင် ၎င်း၏ခွင့်ပြုချက်အရ နေထိုင်သူမဟုတ်ပေ။ ထိုနည်းတူ ဖခင်နှင့်အတူနေ သားသမီးသည်လည်း ဖခင်ပိုင်ဥပစာတွင် ၎င်း၏ခွင့်ပြုချက်ဖြင့် နေထိုင်သူမဟုတ်ပေ။
၄။ အခမဲ့နေထိုင်ခွင့်ပြုသူ သေဆုံးသည့်တိုင်၎င်း၏ အမွေဆက်ခံသူများ ကဖြစ်စေ၊ တစ်ဦးတည်းကဖြစ်စေ၊ သေဆုံးသူ၏ အခွင့်အမိန့်ဖြင့် နေထိုင်သူအား ဥပစာမှ ဖယ်ရှားရန် တရားစွဲနိုင်ပါသည်။
၅။ ခွင့်ပြုချက်အရ နေထိုင်သူများ ကွယ်လွန်ပြီးနောက် အတူနေသားသမီးများကို အခွင့်အမိန့့်အရ နေထိုင်သူများအဖြစ် ဖယ်ရှားခွင့်ရှိသည်။
၆။ ခွင့်ပြုချက်ဖြင့်နေသူက အခြားတစ်ယောက်ကို ထပ်ဆင့် နေထိုင်ခွင့်ပေးလျှင် ထိုသူသည်လည်း ခွင့်ပြုချက်ဖြင့် နေသည့် သဘောသက်ရောက်ပါသည်။
၇။ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပေ။
၈။ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၁၆ အရ ခွင့်ပြုမိန့်နှင့်နေထိုင်သူအား ပစ္စည်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ထားပါသည်။
၉။ အခွင့်အမိန့်အရ နေသူ နှစ်မျိုး ရှိပါသည်။
#ပထမတစ်မျိုးမှာ – စည်းကမ်းချက်ဖြင့် နှောင်ဖွင့်ခြင်းမပြုဘဲ ဥပစာတွင် နေထိုင်ခွင့်ရသူကို အခွင့်အမိန့်သက်သက်အရ နေသူ (Bare Licensee) ဟုခေါ်ပါသည်။ ခွင့်ပြုထားသူ ခွင့်ပြုထားသည့် ကာလအတွင်းသာ ဥပစာတွင် နေခွင့်ရမည်ဖြစ်သည်။
#ဒုတိယတစ်မျိုးမှာ – ပဋိညာဉ်အရ အခွင့်အမိန့်နှင့်နေသူ (Contractual Licensee) ဟု ခေါ်ပါသည်။ သာမန်အခွင့်အမိန့်အရ နေသူနှင့် အခွင့်အရေးချင်းမတူပေ။ နေထိုင်ခွင့်ပေးထားခြင်းကိုမူ ပြန်လည် ရုပ်သိမ်းခွင့်မရပေ။ ဥပမာ- သွားလာခွင့်ပြုထားသည့်လမ်းအား ပြန်လည်ရုပ်သိမ်းခွင့်မရှိပေ။
~~~~~~~~~~~~~~~~~~~~~~~~
ဒေါ်ကြည်ပြာစမ်း (တရားလွှတ်တော်ရှေ့နေ)
LL.B, D.L(101) WIPO Switzerland
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေအကြံပေးလုပ်ငန်း

Leave a Reply

Your email address will not be published.

Compare Listings