Advanced Search

0 Lakh to 60,000 Lakh

We found 0 results. View results
Advanced Search

0 Lakh to 60,000 Lakh

we found 0 results
Your search results

သားသမီးနှင့် မြေးမြစ်များ အမွေဆက်ခံရေး

Posted by admin on March 12, 2020
| 0

သားသမီးများ၏ အမွေတောင်းခံရန်အကြောင်းများမှာ အောက်ပါအတိုင်း ပေါ်ပေါက်သည်။
၁။ အမိ သို့မဟုတ် အဖ ကွယ်လွန်သောအခါ သြရသသားသမီးသည် အမွေလေးပုံ တစ်ပုံ ရခွင့်ရှိသည်။
၂။ သြရသသည် ၎င်း၏ဝေစုကို ၁၂ နှစ် ကျော်လွန်လျှင် တောင်းခံခွင့်မရှိ။
၃။ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသောအချိန် တောင်းခံခွင့်ရှိသည်။
၄။ နောက်အိမ်ထောင်ပြုချိန်မှစ၍ ၁၂ နှစ်လွန်လျှင် တောင်းခံခွင့်မရှိ။
၅။ ကျန်ရစ်သူမိဘ ကွယ်လွန်ချိန်မိထွေး၊ ပထွေးထံမှ တောင်းခံခွင့်ရှိသည်။
၆။ မိထွေး၊ ပထွေးကွယ်လွန်သောအခါ ပထမအိမ်ထောင်မှ သားသမီးများသည် ဒုတိယအိမ်ထောင်မှ သားသမီးများထံမှ အမွေတောင်းခံခွင့်ရှိသည်။ (မတင်တင်ဝင်း နှင့် ဒေါ်စောတင် ပါ -၃၊ ၁၉၉၁ မတစ ၆၆)
အမွေခန်းဥပဒေတွင် သားနှင့်သမီကို မခွဲခြားဘဲ တန်းတူ အခွင့် အရေးပေးသည်။ သားသမီးတို့သည် မိဘတို့၏ ပစ္စည်းအရပ်ရပ်တွင် အညီအမျှ အမွေဆက်ခံခွင့်ရှိကြသည်။
မိဘတို့၏မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကိုသာမက ” ကုန်အမှတ်တံဆိပ်” အသုံးပြုခွင့်ကိုပါ သားသမီးများတွင် အညီအမျှ အမွေဆက်ခံခွင့်ရှိကြသည်။ “မသန်းနှင့်ဦးချစ်ဆွေ (၁၉၆၁ မတစ လွှတ်တော်ချုပ် ၁၃၆)” ။
ဗုဒ္ဓဘာသာကိုးကွယ်သည့် သားသမီးတို့သည် ခရစ်ယာန် ဘာသာ ကိုးကွယ်သည့် မိဘအမွေကို ဆက်ခံခွင့်ရှိသည်။ “ဦးကျော်နှင့် ဒေါ်ဗီရာကျော် (၁၉၈၅ မတစ ၇၇)” ။
ဗုဒ္ဓဘာသာဝင် မြေးများသည်လည်း ခရစ်ယာန်ဘာသာဝင် အဘိုးအဘွား၏ အမွေကို ဆက်ခံခွင့်ရှိပါသည်။ “ဒေါ်ခင်မူမူ ပါ-၂ နှင့် ဒေါက်တာဂျီအာလူးဝစ် (၂၀၀၂ မတစ ၂၀၄)”။
ဦးမောင်ကြည်၏ ချေလွှာအရ မခင်ကြည်သည် ၁၉၇၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ အဆိုလွှာအရ ဦးရွှေကျော်သည် ၁၉၈၁ ခုနှစ်တွင် ကွယ်လွန်သည်ဖြစ်ရာ မခင်ကြည်သည် ဦးရွှေကျော်၏ ကိတ္တိမ သမီးဖြစ်စေကာမူ ဦးရွှေကျော်အရင် ကွယ်လွန်ခဲ့သည်ဖြစ်၍ မခင်ကြည်၏ခင်ပွန်း ဦးမောင်ကြည်သည် ဦးရွှေကျော်၏ အမွေကို ဆက်ခံခွင့်မရှိချေ။ “ဦးမောင်ကြည် နှင့် ဦးမြင့်သိန်း(၁၉၈၄ မတစ ၁၇၆)”။
ဦးဘဆန်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်တိုင်အောင် မောင်နီအား အပတိဋ္ဌသားအဖြစ် မွေးစားခဲ့သည့်တိုင်အောင် မောင်နီသည် ဦးဘဆန်းအရင် ကွယ်လွန်ခဲ့သည်ဖြစ်၍ ဦးဘဆန်း၏အမွေကို ဆက်ခံခွင့်မရှိနိုင်ဟု ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ သူ၏ဇနီးဖြစ်သူ ဒေါ်စောရီသည်လည်း ဦးဘဆန်း၏အမွေကို ဆက်ခံခွင့်မရှိချေ။ ” ဒေါ်စောရီနှင့် ဦးဂျေစီ [၁၉၈၃ ခုနှစ် တရားမ ပထမအယူခံမှုအမှတ် ၅၆၊ တရားရုံးချုပ် (မန္တလေး)]”။
——————————–
ဒေါ်ကြည်ပြာစမ်း (တရားလွှတ်တော်ရှေ့နေ)
LL.B, D.L(101) WIPO Switzerland
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း

Leave a Reply

Your email address will not be published.

Compare Listings