အမွေဆက်ခံရေး အခြေခံမူများ
>>>>>>>>>>>>>>>>
မြန်မာဓလေ့ထုံးတမ်းအမွေခန်း တရားဥပဒေ၏ သဘောတရားများကို လေ့လာလျှင် အကြမ်းအားဖြင့် အခြေခံမူ (၆) ရပ်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ အခြေခံမူများမှာ-
၁။ သေတမ်းစာရေးခွင့်မရှိဘဲ အမွေဆက်ခံခြင်း
၂။ သားသမီးမရှိလျှင် လင်သေလျှင်မယား၊ မယားသေလျှင် လင် အမွေဆက်ခံခြင်း
၃။ အမွေသည် အောက်သို့စုန်နိုင်လျှင် အထက်သို့ မဆန်ရခြင်း
၄။ မျိုးဆက်နီးသူက ဝေးသူအား အမွေမှ ပယ်ထုတ်ခြင်း
၅။ မျိုးဆက်နီးဝေး တူညီလျှင် သွေးရင်းဆွေမျိုးက သွေးဝက်ဆွေမျိုးကို အမွေမှ ပယ်ထုတ်ခြင်း
၆။ အပြုအမူကောင်းဖြင့် အမွေမရနိုင်သော်လည်း အပြုအမူဆိုးကြောင့် ဆုံးရှုံးနိုင်ခြင်းတို့ဖြစ်ပေသည်။
မြန်မာဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက်သေဆုံး လျှင်၎င်း၏ အမွေပစ္စည်းများကို အမွေခံအစီအစဉ်အရ မည်သူ မည်ဝါတို့သည် အမွေခံအမွေစားဖြစ်ရမည်။ ၎င်းတို့၏ အမွေဝေစုသည်မည်၍ မည်မျှဖြစ်ရမည် စသည်ဖြင့် အတိအကျ သတ်မှတ်ပြီး ဖြစ်ပေမည်။ ထို့ကြောင့် အမွေရှင်သေဆုံးသည်နှင့် တစ်ပြိုင်နက် ဆက်ခံခွင့်ရှိသည်။ အမွေခံ အမွေစားသည် အမွေခန်းဥပဒေအရ သတ်မှတ်ထားသည့် အမွေဝေစုကို တစ်ဦီးချင်းအနေဖြင့် သီးခြားဆက်ခံပြီးဖြစ်ပေသည်။ အမွေခံအားလုံးတို့က စုပေါင်းပြီး ဆက်ခံရရှိခြင်းမဟုတ်ပေ။ အမွေဆက်ခံသူ၏ အဆိုပါအခွင့်အရေးကိုလည်း “အပြီးအပိုင်ရရှိသည့် အကျိုးခံစားခွင့်” ဟု ခေါ်ဆိုပေသည်။ “ဦးအောင်ခင် နှင့် ဒေါ်ရင်လှ ပါ-၆ (၁၉၉၆ မတစ ၈၁)” ။
ဒေါက်တာဦးမောင်မောင်ပြုစုသည့် “မြန်မာဥပဒေဓလေ့ထုံးတမ်းနှင့် မြန်မာ့အိမ်ထောင်စု (၁၉၆၃) ၁၀၇” တွင် မြန်မာဓလေ့ထုံးတမ်း အမွေခန်းဥပဒေ၏ အခြေခံသဘောတရားကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြထားသည်ကို တွေ့ရသည်။
“အမွေဆက်ခံခြင်းဟူသည် ဆိုင်းငံ့ထား၍ မဖြစ်ပေ။ ထို့ပြင် အမွေသည် ဆက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ရုပ်သိမ်း၍ မရကောင်းပေ။
————————-
ဒေါ်စိုးစိုးသက် LL.B
တရားလွှတ်တော်ရှေ့နေ
စိုင်းခွန်နောင် ကုမ္ပဏီ