Advanced Search

0 Lakh to 60,000 Lakh

We found 0 results. View results
Advanced Search

0 Lakh to 60,000 Lakh

we found 0 results
Your search results

Category Archives: News & Knowledge

no thumb

“မိဘက သားသမီးအား အမွေပြတ်စွန့်လွှတ်ကြောင်း သတင်...

“မိဘက သားသမီးအား အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာတွင်ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးသလော” >>>>>>>>>>>>>>>>>>>>>>>>> ဖခင်ဖြစ်သူက သားအား သွာနုတ္တသားအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာမှာ ကြေညာခဲ့သည်။ ယင်းကြေညာချက်နှင့် စပ်လျဉ်း၍ သားဖြစ်သူကလည်း ဖြေရှင်းချက်ကို မြန်မာ့အလင်းသတင်းစာတွင် ပြန်ထည့်သွင်းကြေညာခဲ့သည်။ အဆိုပါ ဖြေရှင်းကြေညာချက်တွင် ဖခင်က မည်သည့်အကြောင်းကြောင့် မိမိအား သွာနုတ္တသားအဖြစ် ကြေညာရသည့်အကြောင်းရင်းမှန်ကို ထည့်သွင်းဖော်ပြခဲ့သည်။ သတင်းစာတွင် မိဘဖြစ်သူက သွာနုတ္တသားဖြစ်ကြောင်း ကြေညာရုံမျှဖြင့် သားသမီးသည် အမွေဆက်ခံခွင့် မဆုံးရှုံးနိုင်ပေ။ မိဘအမွေ မဆက်ခံနိုင်သည့် သားသမီးများ မြန်မာဓလေ့ထုံးတမ်းဥပဒေ၌ မိဘသည် သားသမီးအား အမွေမှ မပယ်ထုတ်နိုင်ပေ။ “မောင်ဘသွင်နှင့် မောင်ဖိုးထီ (၆ ရန်ကုန် ၅၁၀)”။ သို့ရာတွင် အောက်ပါအကြောင်းသုံးရပ်ကြောင့် သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့် ဆုံးရှုံးခြင်းခံရပေသည်။ ၁။ သူတစ်ပါးအား မွေးစားရန် ပေးအပ်ခံရခြင်း။ ၂။ မိဘများ ကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ်သူသည် မိဘတစ်ဦးနှင့် အတူနေထိုင်ပြီး ကျန်တစ်ဦးအား သားသမီးတို့၏ …

အမွေဆက်ခံရေး အခြေခံမူများ

အမွေဆက်ခံရေး အခြေခံမူများ >>>>>>>>>>>>>>>> မြန်မာဓလေ့ထုံးတမ်းအမွေခန်း တရားဥပဒေ၏ သဘောတရားများကို လေ့လာလျှင် အကြမ်းအားဖြင့် အခြေခံမူ (၆) ရပ်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ အခြေခံမူများမှာ- ၁။ သေတမ်းစာရေးခွင့်မရှိဘဲ အမွေဆက်ခံခြင်း ၂။ သားသမီးမရှိလျှင် လင်သေလျှင်မယား၊ မယားသေလျှင် လင် အမွေဆက်ခံခြင်း ၃။ အမွေသည် အောက်သို့စုန်နိုင်လျှင် အထက်သို့ မဆန်ရခြင်း ၄။ မျိုးဆက်နီးသူက ဝေးသူအား အမွေမှ ပယ်ထုတ်ခြင်း ၅။ မျိုးဆက်နီးဝေး တူညီလျှင် သွေးရင်းဆွေမျိုးက သွေးဝက်ဆွေမျိုးကို အမွေမှ ပယ်ထုတ်ခြင်း ၆။ အပြုအမူကောင်းဖြင့် အမွေမရနိုင်သော်လည်း အပြုအမူဆိုးကြောင့် ဆုံးရှုံးနိုင်ခြင်းတို့ဖြစ်ပေသည်။ မြန်မာဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက်သေဆုံး လျှင်၎င်း၏ အမွေပစ္စည်းများကို အမွေခံအစီအစဉ်အရ မည်သူ မည်ဝါတို့သည် အမွေခံအမွေစားဖြစ်ရမည်။ ၎င်းတို့၏ အမွေဝေစုသည်မည်၍ မည်မျှဖြစ်ရမည် စသည်ဖြင့် အတိအကျ သတ်မှတ်ပြီး ဖြစ်ပေမည်။ ထို့ကြောင့် အမွေရှင်သေဆုံးသည်နှင့် တစ်ပြိုင်နက် ဆက်ခံခွင့်ရှိသည်။ …

သားသမီးနှင့် မြေးမြစ်များ အမွေဆက်ခံရေး

သားသမီးများ၏ အမွေတောင်းခံရန်အကြောင်းများမှာ အောက်ပါအတိုင်း ပေါ်ပေါက်သည်။ ၁။ အမိ သို့မဟုတ် အဖ ကွယ်လွန်သောအခါ သြရသသားသမီးသည် အမွေလေးပုံ တစ်ပုံ ရခွင့်ရှိသည်။ ၂။ သြရသသည် ၎င်း၏ဝေစုကို ၁၂ နှစ် ကျော်လွန်လျှင် တောင်းခံခွင့်မရှိ။ ၃။ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသောအချိန် တောင်းခံခွင့်ရှိသည်။ ၄။ နောက်အိမ်ထောင်ပြုချိန်မှစ၍ ၁၂ နှစ်လွန်လျှင် တောင်းခံခွင့်မရှိ။ ၅။ ကျန်ရစ်သူမိဘ ကွယ်လွန်ချိန်မိထွေး၊ ပထွေးထံမှ တောင်းခံခွင့်ရှိသည်။ ၆။ မိထွေး၊ ပထွေးကွယ်လွန်သောအခါ ပထမအိမ်ထောင်မှ သားသမီးများသည် ဒုတိယအိမ်ထောင်မှ သားသမီးများထံမှ အမွေတောင်းခံခွင့်ရှိသည်။ (မတင်တင်ဝင်း နှင့် ဒေါ်စောတင် ပါ -၃၊ ၁၉၉၁ မတစ ၆၆) အမွေခန်းဥပဒေတွင် သားနှင့်သမီကို မခွဲခြားဘဲ တန်းတူ အခွင့် အရေးပေးသည်။ သားသမီးတို့သည် မိဘတို့၏ ပစ္စည်းအရပ်ရပ်တွင် အညီအမျှ အမွေဆက်ခံခွင့်ရှိကြသည်။ မိဘတို့၏မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကိုသာမက …

ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်...

၁။ အခွင့်အမိန့်ဟူသည် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်းမပြုဘဲ အလိုတူသော ပြုလုပ်မှုတစ်ခုကို မတရားမဖြစ်စေရန် တားဆီးရုံသာတားဆီးသော သဘောတူညီမှုဖြစ်သည်။ ၂။ အချို့သူများသည် မိမိတို့၏ ဆွေမျိုးမိတ်ဆွေများအား မိမိတို့ပိုင် (သို့မဟုတ်) မိမိလက်ရှိဖြစ်သည့် အဆောက်အအုံ(သို့မဟုတ်) မြေတွင် အဆောက်အအုံဆောက်လုပ်စေ၍ မေတ္တာဖြင့် နေခွင့်ပြုတတ်ကြသည်။ ပိုင်ရှင်၏ ခွင့်ပြုချက်အရ နေထိုင်သူများမှာ ပိုင်ဆိုင်ခွင့် လုံးဝရှိသူမဟုတ်၍ ပိုင်ရှင်ခွင့်ပြုသည့်ကာလသာ နေခွင့်ရရှိပါသည်။ ပိုင်ရှင်အနေနှင့် ၎င်း၏ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်သည်။ ယင်းသို့ရပ်စဲလျှင် ခွင့်ပြုချက်အရ နေထိုင်သူသည် ပစ္စည်းပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်ပေ။ ၃။ ခင်ပွန်းနှင့်အတူနေသူ ဇနီးသည်၊ ခင်ပွန်းသည်၏ ဥပစာတွင် ၎င်း၏ခွင့်ပြုချက်အရ နေထိုင်သူမဟုတ်ပေ။ ထိုနည်းတူ ဖခင်နှင့်အတူနေ သားသမီးသည်လည်း ဖခင်ပိုင်ဥပစာတွင် ၎င်း၏ခွင့်ပြုချက်ဖြင့် နေထိုင်သူမဟုတ်ပေ။ ၄။ အခမဲ့နေထိုင်ခွင့်ပြုသူ သေဆုံးသည့်တိုင်၎င်း၏ အမွေဆက်ခံသူများ ကဖြစ်စေ၊ တစ်ဦးတည်းကဖြစ်စေ၊ သေဆုံးသူ၏ အခွင့်အမိန့်ဖြင့် နေထိုင်သူအား ဥပစာမှ ဖယ်ရှားရန် တရားစွဲနိုင်ပါသည်။ …

ဘာသာကွဲနှင့် အမွေဆက်ခံခွင့်

ဗုဒ္ဓဘာသာ ကိုးကွယ်သည့် သားသမီးတို့သည် ခရစ်ယာန် ဘာသာကိုးကွယ်သည့် မိဘအမွေကို ဆက်ခံခွင့်ရှိသည်။ “ဦးအရောင် နှင့် မကာကြူမွှေး (၁၉၆၄ မတစ ၁၁၄)” ။ ဗုဒ္ဓဘာသာဝင်မိခင် တစ်ယောက်သည်မွတ်စလင်ဘာသာဝင်အဖြစ် ကူးပြောင်းကိုးကွယ်ပြီး မွတ်စလင်တစ်ယောက်နှင့်လက်ထပ်သည်။ ထိုမိန်းမကွယ်လွန်သည့်အခါ ဗုဒ္ဓဘာသာဝင်သမီးသည် မိခင်၏ အမွေကို ဆက်ခံခွင့်မရှိပေ။ ကွယ်လွန်သူ၏ အမွေဆက်ခံခွင့်သည် ထိုကွယ်လွန်သူ၏ ပုဂ္ဂလိကဆိုင်ရာ ဥပဒေနှင့်သာ သက်ဆိုင်သည်။ “အေးကို နှင့် ရာစူဘီဘီ (၁၉၅၀ မတစ လွှတ်တော် ၂၈၈)” ။ ခရစ်ယာန်ဘာသာဝင်မိဘများ၏ အမွေကို မြန်မာဗုဒ္ဓဘာသာဝင် သားသမီးတို့သည် အမွေဆက်ခံခွင့်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်မြေးများ သည်လည်း ခရစ်ယာန်ဘာသာဝင် အဘိုးအဘွား၏အမွေကို ဆက်ခံခွင့်ရှိသည်။ “ဒေါ်ခင်မူမူ ပါ-၂ နှင့် ဒေါက်တာဂျီအာလူးဝစ် (စ်) ၂၀၀၂ မတစ ၂၀၄” ။ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၁၆ ပြဋ္ဌာန်းရခြင်း အဓိက ရည်ရွယ်ချက်မှာ ကွယ်လွန်သူအမွေရှင် ကျန်ရစ်သော ပစ္စည်း …

အမွေသည် အောက်သို့ စုန်နိုင်လျှင် အထက်သို့ မဆန်ရခြင်း

သေဆုံးသူ၏ အမွေခံအမွေစားဖြစ်သူကို သိသာ ထင်ရှားရန်အတွက် အခြေခံပြုရသည့်မူတစ်ရပ်မှာ”အမွေသည် အောက်သို့စုန်နိုင်လျှင် အထက်သို ့ မဆန်ရခြင်း” ဆိုသည့် အခြေခံမူဖြစ်သည်။ ဤမူအရ သေသူ၏အမွေကို ၎င်း၏ “အစုန်” ဘက်တွင် အမျိုးအနွယ်များ မရှိမှသာလျှင် “အဆန်” ဘက်တွင်ရှိသည့် အမျိုးအနွယ်များ အမွေဆက်ခံခွင့်ရှိကြသည်။ ” မနီလာအောင် နှင့် ဒေါ်သန်းသန်း (၁၉၈၄ မတစ ၁၉)။ ထိုကဲ့သို အမွေသည် “စုန်” ၍ မဖြစ်သောကြောင့် “ဆန်” ရလျှင်လည်း လိုသည်ထက်ပို၍ မဆန်နိုင်ပေ။ “မကျော် နှင့် မောင်ဖိုးမြစ် [ ၃ ရန်ကုန် ၈၆ (၈၇) ]”။ လူတစ်ယောက်၌ “အဆန်ဘက်၌ရှိသည့်အမျိုး”၊ “အစုန်ဘက်၌ရှိသည့် အမျိုး” ဟူ၍ အမျိုးဆက်နှစ်မျိုးရှိသည်။ မိဘဘိုးဘွား စသည်တို့သည် “အဆန်” ဘက်တွင်ရှိသည့် အမျိုးအနွယ်များဖြစ်ကြသည်။ သေဆုံးသူတစ်ယောက်၏ အမွေကို ထိုသူ၏ မိဘ၊ ဘိုးဘွား အစရှိသည်တို့ …

မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်း။

မြေပိုင်မြေ / မစိုက်ပျိုးမြေ / ဘိုးဘွားပိုင်မြေ / ဂရန်ရှိမြေပိုင်မြေနှင့်သက်တမ်းရှိမြေငှားဂရန်မြေတို့ကိုအမည်ပေါက်ပြောင်းလဲမှတ်သားပေးပါသည်။ မြေငှားဂရန်အမည်ပြောင်းခြင်းကိုရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင်လျှောက်ထားရယူနိုင်ပါသည်။ ဂရန်မြေနှင့်မြေပိုင်မြေကိုမှတ်ပုံတင်စာချုပ်ဖြင့်လွှဲပြောင်းရယူပီးလျှင်မြေကွက်အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။ မြေငှားဂရန် ( ပျောက်ဆုံး / ပျက်စီး ) ၍မြေငှားဂရန်စာချုပ်မိတ္တူလျှောက်ထားခြင်း။ ဌာနမှထုတ်ပေးသည့်သတ်မှတ်ပုံစံနှင့်အတူလျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်၊မြေငှားဂရန်ပျောက်ဆုံး / ပျက်စီးကြောင်းတရားရုံးကျမ်းကျိန်လွှာ၊သက်ဆိုင်ရာမြို့နယ်ရဲစခန်းထောက်ခံချက်၊မြေနှင့်ပတ်သက်သည့်အထောက်အထားများ၊မှတ်ပုံတင်ထားသည့်စာချုပ်စာတမ်းများ၊ပိုင်ဆိုင်ကြောင်းတရားရုံးအမိန့် / ဒီကရီနောက်ဆုံးထမ်းဆောင်ထားသည့်မြေခွန်ပြေစာ (သို့မဟုတ်) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး၏ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာတို့တင်ပြရပါမည်။ ဌာနမှစိစစ်၍ကန့်သတ်ချက်မရှိကသတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီးမြေငှားဂရန်စာချုပ်မိတ္တူတွင်တံဆိပ်ခေါင်းကပ်၍ မူလအမည်ပေါက်အမည်ဖြင့်မြေငှားဂရန်စာချုပ်မိတ္တူမှန်ထုတ်ပေးပါသည်။ ( ဆက်လက်ဖော်ပြပါမည်။ ) ဒေါ်စိုးစိုးသက် LL.B တရားလွှတ်တော်ရှေ့နေ စိုင်းခွန်နောင်ကုမ္ပဏီ အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း

အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်ပြုလုပ်ရန်လိုအပ်...

(၁) အမွေဆက်ခံမည့်ကာယကံရှင်များမှပြည့်စုံစွာရေးသားထားပြီးလက်မှတ်များပြည့်စုံပြီး၊တံဆိပ်ခေါင်းခွန်ဥပဒေအရတံဆိပ်ခေါင်းခွန်တန်ဖိုးအားပြည့်စုံစွာထမ်းဆောင်ပြီးသောမှတ်ပုံတင်တင်သွင်းမည့်ကိုယ်စားလှယ်လွှဲစာနှင့်အတူစာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးထံသို့သတ်မှတ်ထားသည့်လျှောက်လွှာပုံစံတွင်ရုံးခွန်တံဆိပ်ခေါင်း (၁၀၀) ကျပ်တန်ကပ်နှိပ်၍ကိုယ်တိုင်လက်မှတ်ရေးထိုးလျှောက်ထားရမည်။ (၂) အမွေဆက်ခံမည့်သူများနှင့်သက်သေတို့၏နိုင်ငံသားစိစစ်ရေးကတ်၊နိုင်ငံသားစိစစ်ရေးကတ်ပျောက်ဆုံးပါကလဝကထောက်ခံချက်မူရင်းနှင့်မိတ္တူပူးတွဲတင်ပြ၍လူကိုယ်တိုင်လာရောက်သက်သေခံရမည်။ (၃) အမွေဆက်ခံသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ဆက်စပ်သောအထောက်အထားဖြစ်သည့်ဂရန်သို့မဟုတ်စာချုပ်စာတမ်းမူရင်းနှင့်မိတ္တူယူဆောင်တင်ပြရမည်။ (၄) မှတ်ပုံတင်သွင်းသောအမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊အမွေဆက်ခံမည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရှိရာမြေကိုဖော်ပြသည့်မြေပုံ၊မြေရာဇဝင်၊ (၅)အမွေဆက်ခံကြေညာသူမှတပါးအခြားအမွေဆက်ခံပိုင်ဆိုင်ရမည့်သူမရှိကြောင်းပေါ်လွင်စေသည့်တရားရုံးကျမ်းကျိန်လွှာ။ (၆) မှတ်ပုံတင်သွင်းသည့်စာချုပ်တွင်ဖော်ပြထားသောမြေတည်ရှိရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏အရှုပ်အရှင်းကင်းရှင်းကြောင်းနှင့်အမွေဆက်ခံကြေညာသူများမှတပါးအခြားအမွေဆက်ခံပိုင်ဆိုင်ရမည့်သူမရှိကြောင်းပေါ်လွင်စေသည့်အကြောင်းအရာဖော်ပြပါရှိသောထောက်ခံစာ (၇) အမွေဆက်ခံသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုပိုင်ဆိုင်သူတို့ကွယ်လွန်ခဲ့ပြီးဖြစ်ပါကကွယ်လွန်ပြီးဖြစ်ကြောင်းသက်ဆိုင်ရာကထုတ်ပေးသည့်သေစာရင်း၊ (၈) အမွေဆက်ခံသူတို့နှင့်ပတ်သက်သောလဝကမှထုတ်ပေးထားသည့်အိမ်ထောင်စုစာရင်း ဒေါ်စိုးစိုးသက်LL.B တရားလွှတ်တော်ရှေ့နေ စိုင်းခွန်နောင်ကုမ္ပဏီ

Compare Listings